Wednesday, March 9, 2016

ပြော..ခဲ့..ပါ...ပြီ..




ဒီနေ့ နိုဘယ်လ်မင်္ဂလာ ဟိုတယ်မှာ ကျင်းပတဲ့ ဟောပြောပွဲမှာ CHANCE to CHANGE ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ပါတယ်..။
Dr. John P. Kotter ရဲ့ အဆင့်ရှစ်ဆင့် ပါဝင်တဲ့ ပြောင်းလဲခြင်းဖြစ်စဉ်ကို ပြောတာပါ..။ အကျဉ်းချုပ် တင်ပြပါ့မယ်..
Step 1: Create Urgency
အပြောင်းအလဲကို စတင်ဖို့ရာ “ချဉ်ခြင်းတပ်” မှသာ ဖြစ်နိုင်ပါတယ်..။ အဲဒီလို အပြောင်းအလဲကို “ပြောင်းကို ပြောင်းချင်ပါတော့တယ်” ဆိုတဲ့ ချဉ်ခြင်း တပ်အောင် လုပ်ပေးတာက ပထမခြေလှမ်းပါ..။ ပြောင်းလဲခြင်းကြောင့် ဘာတွေ ကောင်း/ဆိုး နိုင်တယ် ဆိုတာ ပြဖို့လိုပါတယ်.. အပြောလွယ်သလောက် အလုပ်ခက်တဲ့ အဆင့်ပါ..။
Step 2: Form a Powerful Coalition
ကိုယ့်အဖွဲ့အစည်းထဲက လူတွေကို ပြောင်းကိုပြောင်းမှဖြစ်မယ် ဆိုတဲ့ အသိဝင်လာအောင် တိုက်တွန်းနိုင်ပြီးရင် ဒုတိယအဆင့်က သူတို့ကို ပြောင်းလဲစေမယ့် ဦးဆောင်အဖွဲ့ တစ်ဖွဲ့လိုပါတယ်..။ အဲဒီ ဦးဆောင်အဖွဲ့ထဲမှာ ပါမယ့်သူတွေဟာ ပြောနိုင်ဆိုနိုင်စည်းရုံးနိုင် စွမ်းဆောင်နိုင်စွမ်းတွေ မြင့်မားဖို့ လိုပါတယ်..။ သူတို့ကပဲ ဦးဆောင်ပြီး လမ်းပြသွားမှာ ဖြစ်သလို သူတို့ကပဲ ပြုပြင် ဖာထေး ပြင်ဆင်တာတွေကို လုပ်ကြမှာဖြစ်ပါတယ်..။ သူတို့ဟာ စံပြ ဖြစ်နေကြရမှာပါ..။
Step 3: Create a Vision for Change
ပြောင်းလဲခြင်းကို ဖြစ်စေဖို့ “အမျှော်အမြင်” ရှိဖို့ လိုအပ်ပါတယ်..။ ပြောင်းတော့မယ် ဆိုတာနဲ့ ဟိုဟာ ပြောင်းမယ် ဒီဟာပြောင်းမယ် ဟိုလောက်ပဲပြောင်းမယ် ဒီလောက်ပဲ ပြောင်းမယ် ဆိုတဲ့ ဦးစားပေးအစီအစဉ်တွေ အများကြီး ပေါ်လာတတ်ပါတယ်..။ အဲဒါကို ဦးဆောင်သူက အမျှော်အမြင်ရှိရှိနဲ့ .. ဘယ်ဟာကို တန်ဖိုးထားပြီး ပြောင်းဖို့ ဦးစားပေးရမယ်..ဆိုတာကို သတ်မှတ်ရမှာပါ..
Step 4: Communicate the Vision
ကိုယ့်ရဲ့ “အမျှော်အမြင်” ကို အများသိအောင် ပြောပြရှင်းလင်းပေးရမှာပါ..။ အပြောင်းအလဲဆီကို သွားဖို့ ကိုယ့်ဆီမှာ လုံလောက်တဲ့ အဖွဲ့ဝင်တွေ (တော်တော်များများ) ရှိလာပါပြီ ..။ အဲဒီ အဖွဲ့ဝင်တွေ ရဲ့ စိတ်ထဲမှာ ကိုယ်ဘယ်ကို ဦးတည်ပြီးသွားနေတယ် ဆိုတာ ရှင်းရှင်းလင်းလင်း သိထားဖို့လိုပါတယ်..။ သူတို့အားလုံး ဆီကို ထိထိရောက်ရောက် ဆက်သွယ်နိုင်မှ ကိုယ့်ဦးတည်ချက် ကိုယ့် “အမျှော်အမြင်” ကို ရှင်းပြနိုင်မှာဖြစ်ပါတယ်..။
Step 5: Remove Obstacles
ဒီအဆင့်မှာတော့ အပြောင်းအလဲကိုဆန့်ကျင်သူတွေ ကလန်ကဆန်လုပ်သူတွေ ဆူးညှောင့်ခလုပ်တွေ အတားအဆီးတွေကို ဖယ်ရှား ကျော်လွှားရမှာပါ.။ လက်တွဲဖြုတ်သင့်သူကိုလဲ ဖြုတ်ထားခဲ့ရမယ်
အဆင့်ပါ..။တဆက်ထဲမှာပဲ ပြောင်းလဲနိုင်ရေးကို အားကြိုးမာန်တက် လုပ်သူတွေလဲ တွေ့ပါလိမ့်မယ်… သူ တို့ကို မြှောက်စားဖို့ မမေ့ပါနဲ့.။
Step 6: Create Short-Term Wins
လုပ်ရင်းကိုင်ရင်း ရှေ့တိုးရင်း ပြောင်းလဲရင်း အောင်မြင်မှု အသေးစားလေးတွေကို ဖန်တီးယူပါ..။ အဲဒီ အောင်မြင်မှု အသီးအပွင့် သေးသေးလေးကို မျှဝေခံစားပါ..။ အဲဒါကို (ဖြစ်အောင်လုပ်ပါ) တကယ်လို့ အချိန်တိုအတွင်း အဲဒီလို အောင်မြင်မှုသေးသေးလေးတွေ မပြနိုင်ရင် ကိုယ့်ကို ဆန့်ကျင်သူများ အတွက် အမနာပ ပြောဖို့ အခွင့်ကောင်းရသွားပါလိမ့်မယ်..။ အဲဒီအောင်မြင်မှုသေးသေးလေးတွေက ကိုယ့်ကို ရှေ့ဆက်တိုးဖို့ အား အကြီးကြီး ဖြစ်လာစေပါလိမ့်မယ်..။ ကိုယ့်လူတွေ အတွက်လဲ အားအင်ပါပဲ..။
Step 7: Build on the Change
ဒါဟာ ပြောင်းလဲနေပါပြီ.. ဒါပေမယ့် တက်မထောင်လိုက်ပါနဲ့ဦး..ပန်းမဝင်သေးပါဘူး..။ ဒီအချိန်ဟာ သိပ်သတိထားရမယ့် အချိန်ပါ..။ ဆိုးဆိုးဝါးဝါး လက်လွတ်ဆုံးရှုံးသွားနိုင်ပါတယ်..။ Real change runs deep ဆိုတာကို မမေ့ပါနဲ့.. ကိုယ့် အပြောင်းအလဲ ခြေလှမ်းတွေကို ခိုင်မာအောင် တည်ဆောက်ရတဲ့ အဆင့်ပါ..။
Step 8: Anchor the Changes in Corporate Culture
ကဲ.. နောက်ဆုံး အဆင့်ရောက်ပါပြီ..။ ပြောင်းလဲခဲ့ကြသူများလဲ တည်ငြိမ်ပါပြီ.။ အပြောင်းအလဲ တစ်ခုရဲ့ အခက်အခဲ အကြပ်အတည်း .. ကြိုးစားကျော်ဖြတ်ခဲ့ရမှုများကို အသီးအပွင့်အဖြစ် စားသုံးနိုင်ပါပြီ..။ ဖြစ်စဉ်အသစ် နဲ့ လည်ပတ်နေပါပြီ..။ ဒီအချိန်မှာ ပြောင်းလဲမှုဖြစ်စဉ် အသစ်ကို ရောက်အောင် ကြိုးစားရုန်းကန် ခဲ့ကြတဲ့ လက်တွဲဖေါ်တွေ အမာခံခေါင်းဆောင်တွေ ကို မမေ့လိုက်ပါနဲ့.။ သူတို့ကို နေရာပေးပါ..။ သူတို့ ခံစားပါစေ..။
ချစ်ခင်စွာဖြင့်
ကောင်းလွန်း (၄.၃.၂၀၁၆)

“ဝေါဟာရ အသစ်များ ရှာထားကြဖို့”


မနက်ဖန်မှာရောက်လာတော့မယ့် နေ့သစ်ကို
ဘာနဲ့ ကြိုကြမှာပါလိမ်
Attitude အဟောင်းတွေ
Practice အဟောင်းတွေ
Logic အဟောင်းတွေ နဲ့ ကြိုမှာလား
ဒါမှမဟုတ်
Energetic
Realistic
Honesty
Initiative တွေနဲ့ ကြိုမှာလား
Resistance ကြီးကြီးမားမားကတော့ Obstacle အဖြစ် ရှိနေဦးမှာ..။
Barriers တွေကလဲ တော်တော်များလိမ့်ဦးမယ်..။
အယောင်ဆောင်အရေခြုံ ထားခဲ့တဲ့ တတ်ယောင်ကားတွေ ကလည်း
ကျန်နေဦးမှာပါပဲ..။
လူကြီးလာ.. ပြာပြာသလဲ..
လူကြီးပြန် ဖွဲနဲ့ဆန်ကွဲ..။
လမ်းကြောင်းရှိလား… လမ်းကြောင်းရှိလား… လမ်းကြောင်းရှိလား..။
“နေ့ချင်းပြီး ဆောင်ရွက်ပေး”
“သတ်မှတ်အချိန်ထက် စော၍ပြီးစီး”
"၂၄ နာရီ မီးလင်း"
“စံပြ ဘက်စုံ ………?….”
“သြဝါဒခံယူ……?”
“နေ့မအား.. ညမနား”
“အချိန်နှင့်တပြေးညီ”
နားရည်ဝနေတဲ့ စကားလုံးတွေ.. ဘာနဲ့ အစားထိုးမလဲ..။
ဝေါဟာရအသစ်တွေ ရှာထားကြဖို့ လိုပါပြီ။
ချစ်ခင်စွာဖြင့်
ကောင်းလွန်း (7.3.2016)

လမ်းသစ်

ကိုယ်ရွေးထားပြီးပြီ… အားလုံးသဘောတူပြီးပြီ…။
ရှေ့ကို ဒီလို ဆက်လျှောက်မယ်လို့ ကတိကဝတ်ပြုပြီးကြပြီ..။
ဒါဆိုရင် လက်တွဲလိုက် .. ဆက်လျှောက်..။
လျှောက်တဲ့ အခါမှာ Resistance တွေ အများကြီးတွေ့ရမှာ..။
မပြောင်းချင်ဘူး..။ အရင်အတိုင်းပဲ..။ ဒါက ဒီလိုပဲ လုပ်နေကျ..။ ဒီလိုဆို မဖြစ်နိုင်ဘူး..။
အခန်းထောင့်က စာပွဲပေါ်မှာ နှစ်ပေါင်းများစွာ ပုဝါခြုံထားခဲ့တဲ့ မြေမနင်းသား ကွန်ပြူတာ တစ်စုံရှိနေတယ်..။ အခုအထိတော့ အသစ်အတိုင်းပဲ..။
ဒါပေမယ့် အသစ်အဖြစ်နဲ့ပဲ သူ့ဘဝနိဂုံးချုပ်သွားခဲ့ပြီ..။
ရုံးထဲကို ရောက်လာပြီးကတည်းက ဘာမှ မသုံးလိုက်ရတဲ့
Brand New (Old Model) Desktop Computer ဟာ
သူ့ကိုယ်သူ အသစ်ရယ်လို့ ဂုဏ်မောက်စွာနဲ့ ပုဝါခြုံပြီး ထိုင်နေခဲ့တယ်..။
အခုတော့ သူ့အလှည့်ရောက်ပြီ..။
ခေါင်းလောင်းထိုးသံနဲ့အတူ အမှိုက်သိမ်းတဲ့ ကားလာနေပြီလေ..။
သူလိုက်သွားရတော့မယ်..။
ခေတ်ဆိုတာ အဲဒါပါပဲ..။
အမီလိုက်နိုင်ရင်လိုက် …
မလိုက်နိုင်တော့လဲ တစ်နေ့နေ့ တော့ အမှိုက်ကားနောက် လိုက်သွားရမှာပဲလေ..။
ခက်မှာစိုးလို့ ..
လုပ်နေကျ မဟုတ်လို့..
လုပ်ရိုးလုပ်စဉ်ကနေ လွဲချော်နေလို့..။
ကိုယ့်အတွက် မကျန်လို့.. ဆိုသူများ ..
စားပွဲပေါ်က ပုဝါခြုံထားတဲ့ Brand new Desktop Computer နောက်ကို လိုက်ဖို့သာ ပြင်ထားပေတော့..။
ကောင်းလွန်း ၆.၃.၂၀၁၆

လမ်းသစ်

ကိုယ်ရွေးထားပြီးပြီ… အားလုံးသဘောတူပြီးပြီ…။
ရှေ့ကို ဒီလို ဆက်လျှောက်မယ်လို့ ကတိကဝတ်ပြုပြီးကြပြီ..။
ဒါဆိုရင် လက်တွဲလိုက် .. ဆက်လျှောက်..။
လျှောက်တဲ့ အခါမှာ Resistance တွေ အများကြီးတွေ့ရမှာ..။
မပြောင်းချင်ဘူး..။ အရင်အတိုင်းပဲ..။ ဒါက ဒီလိုပဲ လုပ်နေကျ..။ ဒီလိုဆို မဖြစ်နိုင်ဘူး..။
အခန်းထောင့်က စာပွဲပေါ်မှာ နှစ်ပေါင်းများစွာ ပုဝါခြုံထားခဲ့တဲ့ မြေမနင်းသား ကွန်ပြူတာ တစ်စုံရှိနေတယ်..။ အခုအထိတော့ အသစ်အတိုင်းပဲ..။
ဒါပေမယ့် အသစ်အဖြစ်နဲ့ပဲ သူ့ဘဝနိဂုံးချုပ်သွားခဲ့ပြီ..။
ရုံးထဲကို ရောက်လာပြီးကတည်းက ဘာမှ မသုံးလိုက်ရတဲ့
Brand New (Old Model) Desktop Computer ဟာ
သူ့ကိုယ်သူ အသစ်ရယ်လို့ ဂုဏ်မောက်စွာနဲ့ ပုဝါခြုံပြီး ထိုင်နေခဲ့တယ်..။
အခုတော့ သူ့အလှည့်ရောက်ပြီ..။
ခေါင်းလောင်းထိုးသံနဲ့အတူ အမှိုက်သိမ်းတဲ့ ကားလာနေပြီလေ..။
သူလိုက်သွားရတော့မယ်..။
ခေတ်ဆိုတာ အဲဒါပါပဲ..။
အမီလိုက်နိုင်ရင်လိုက် …
မလိုက်နိုင်တော့လဲ တစ်နေ့နေ့ တော့ အမှိုက်ကားနောက် လိုက်သွားရမှာပဲလေ..။
ခက်မှာစိုးလို့ ..
လုပ်နေကျ မဟုတ်လို့..
လုပ်ရိုးလုပ်စဉ်ကနေ လွဲချော်နေလို့..။
ကိုယ့်အတွက် မကျန်လို့.. ဆိုသူများ ..
စားပွဲပေါ်က ပုဝါခြုံထားတဲ့ Brand new Desktop Computer နောက်ကို လိုက်ဖို့သာ ပြင်ထားပေတော့..။
ကောင်းလွန်း ၆.၃.၂၀၁၆